မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
*****************************************
လက်ရှိတွင် ပုသိမ်ခရိုင်အတွင်းရှိ မြို့များအားလုံးအား အုပ်စု (၄) စုခွဲ၍ ၂ နာရီလာ ၆ နာရီပျက်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိရာ ယခုအခါ (၁၆.၁၀.၂၀၂၆) ရက်နေ့မှ (၁၈.၁၀.၂၀၂၆) ရက်နေ့အထိ ရတနာကမ်းလွန် Gas SD ကာလတွင် စက်များ ရပ်တန့်၍ Total Generation လျော့ချ ထုတ်လုပ်သွားရမည်ဖြစ်ပါ၍ (၁၆.၁၀.၂၀၂၆)ရက်နေ့ (၀၁:၀၀) နာရီမှ စတင်ပြီး ခွဲဝေရရှိမည့် ဝန်အားပမာဏပေါ်မူတည်ပြီး ဝန်အားထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် ဓာတ်အားရရှိမှုနှင့်ပတ်သက်၍ခွင့်လွှတ်နားလည်သည်းခံပေးကြပါရန် မေတ္တာရပ်ခံ အသိပေးကြေငြာအပ်ပါသည်။
အထက်ဖော်ပြပါအချိန်တွင် လျှပ်စစ်ဓာတ်အားမရရှိပါက ဆက်သွယ်မေးမြန်းရန်
၀၉ ၆၇၂၉ ၂၁၅၀၁ ၊ ၀၉ ၆၇၂၉ ၂၁၆၂၀ (အရေးပေါ် မီးပြတ်/မီးပြင်)
၀၄၂ ၂၀ ၂၁၅၀၁ ၊ ၀၄၂ ၂၀ ၂၁၆၂၀ (အရေးပေါ် မီးပြတ်/မီးပြင်)
၀၉ ၄၂ ၈၆၀၃၀၃၅ (မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ)
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး - ဧရာဝတီ