ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်
ပုသိမ်၊ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲအား ၂၅-၁၀-၂၀၂၆ ရက်နေ့မှ ၂၇-၁၀-၂၀၂၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။
သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် ဈေးရောင်းပွဲတော်အား ပုသိမ်မြို့၊ ကမ်းနားလမ်း၊ ရှုခင်းသာရင်ပြင်ရှေ့မှ ရွှေစေတီလမ်းထိပ်အထိ ကမ်းနားလမ်းတစ်လျှောက် ဈေးဆိုင်ခန်း ၆၀ ခန်းဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ရောင်းချပေးသွားမည်ဖြစ်ပါသည်။
ထို့အပြင် ရှုခင်းသာရင်ပြင်ရှေ့တွင် မီးပေါင်းခုံးများ၊ မီးအလှဆင်အရုပ်များဖြင့် ထွန်းညှိ သွားမည်ဖြစ်ပြီး ကမ်းနားလမ်းတစ်လျှောက် ရေပေါ်ဈေးမှ ကျောက်ထီးအထိ ရောင်စုံအလှမီးများ ထွန်းညှိခြင်း၊ Jetty များတွင် အလှဆင်မီးများထွန်းညှိခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ် ပါသည်။
သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ အစီအစဉ်များအနေဖြင့် ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့တွင် နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် ဖြိုးကြီး၊ ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ ဂျူဝယ်နှင့် ဂီတအနုပညာရှင်များပါဝင်သော ဖျော်ဖြေရေးအဖွဲ့ဖြင့် ၂၅-၁၀-၂၀၂၆ ရက်နေ့မှ ၂၇-၁၀-၂၀၂၆ ရက်နေ့အထိ ညစဉ် ၇ နာရီမှ ၁၁ နာရီအထိ သီဆိုဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။