အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ အလိုရှိပါတယ် 🤗
အခြေခံလစာ (250,000 to 500,000) 🤩
Victory International College တွင် တာဝန်ထမ်းဆောင်ရန် ပညာရေးကို တန်ဖိုးထားပြီး TikTok Contents များ ဖန်တီးရိုက်ကူးလိုသူများကို ဖိတ်ခေါ်ပါတယ် 😊✨
📋 လျှောက်ထားရန် လိုအပ်ချက်များ (Requirements)
▪︎ အသက် - (၂၀) မှ (၃၀) နှစ်အတွင်း
▪︎ ပညာအရည်အချင်း - တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) တက္ကသိုလ်တက်ရောက်ဆဲသူများလဲ လျှောက်ထားနိုင်ပါတယ်
▪︎ အတွေ့အကြုံ - အလုပ်အတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူ ဦးစားပေးမည်။
( အတွေ့အကြုံမရှိသေးသော်လည်း သင်ယူလိုစိတ်ရှိသည့် Fresh Graduate များလည်း လျှောက်ထားနိုင်ပါတယ် )
💻 Computer & Language Skills
▪︎ Microsoft Word, Excel, PowerPoint နှင့် Email စနစ်တကျ အသုံးပြုနိုင်သူဖြစ်ရပါမယ်။
▪︎ မြန်မာ/အင်္ဂလိပ် စာစီစာရိုက် ကျွမ်းကျင်သူဖြစ်ရပါမယ်။
🎥 TikTok & Camera Confidence
▪︎ Camera ရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုနိုင်သူဖြစ်ရပါမယ်။
▪︎ TikTok Trends များကို စိတ်ဝင်စားပြီး Content ဖန်တီးလိုစိတ်ရှိသူဖြစ်ရပါမယ်။
🤝 Soft Skills & Personal Attributes
▪︎ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး လူအများနှင့် စကားပြောဆို ဆက်ဆံနိုင်သူဖြစ်ရပါမယ်။
▪︎ အကျင့်စာရိတ္တ ကောင်းမွန်ပြီး စိတ်ရှည်သည်းခံနိုင်သူဖြစ်ရပါမယ်။
▪︎ အခက်အခဲတွေကြုံလာရင် စိတ်ညစ်မနေပဲ အဖြေရှာ ဖြေရှင်းလိုစိတ်ရှိပြီး အကောင်းမြင်စိတ် Positive Attitude ရှိရပါမယ်
▪︎ မိမိကိုယ်တိုင်၏ ပြင်ဆင်နေထိုင်မှုရော၊ လုပ်ငန်းခွင် ပတ်ဝန်းကျင်ပါ သန့်ရှင်းသပ်ရပ်အောင် အထူးဂရုစိုက် ထိန်းသိမ်းနိုင်သူ ဖြစ်ရပါမယ်။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️
🛠 လုပ်ငန်းတာဝန်များ (Responsibilities)
✅️ ကျောင်း၏ TikTok Channel အတွက် တက်ကြွဆန်းသစ်သော Content များ ရိုက်ကူးတင်ဆက်ပေးခြင်း
✅️ ကျောင်းသား/သူများ၏ ကိုယ်ရေးမှတ်တမ်းနှင့် အတန်းအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ခြင်း
✅️ သင်တန်းလာရောက်စုံစမ်းသူများကို ဖော်ရွေစွာ ရှင်းလင်းဖြေကြားပေးခြင်းနှင့် တက်ရောက်သင့်သည့် သင်တန်းများကို အကြံပေးခြင်း
✅️ ၁ ပတ်ကို ၁ ကြိမ် ပုသိမ်မြို့တွင်း လုပ်ငန်းများကိုသွားရောက်ပြီး Marketing ဆင်း၍ သင်တန်းအကြောင်း ဆွေးနွေးတိုင်ပင်ပေးခြင်း
✅️ Facebook နှင့် TikTok တွင် messages & comments များပြန်လည်ဖြေကြားပေးခြင်း
✅️ သင်တန်းစုံစမ်းသောဖုန်းများကို လက်ခံပြောကြားပြီး သင်တန်းအကြောင်း သေသေချာချာ ရှင်းပြ ပြောဆိုနိုင်ခြင်း
✅️ အဖွဲ့အစည်း၏ Vision & Values များနှင့်အညီ ဝန်ထမ်းအချင်းချင်း ချစ်ခင်လေးစားစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
✅️ နေ့စဉ် ငွေဝင်/ငွေထွက် (Cash In/Out) စာရင်းများကို Excel တွင် Laptop ဖြင့် စာရင်းသွင်းပြီး အလုပ်တာဝန်မှတ်တမ်းများကို ရေးသားခြင်း
✅️ ကျောင်း လုပ်ငန်းခွင်ပတ်ဝန်းကျင်အား သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းခြင်း
✅️ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ အခြားသော tasks များကို လုပ်ဆောင်ရမှာဖြစ်ပါတယ်
▪️▪️▪️▪️▪️▪️▪️▪️▪️▪️
⏰ အလုပ်ချိန်နှင့် ခံစားခွင့်တွေကတော့
▪︎ အလုပ်ချိန်: နံနက် (8:30) မှ ညနေ (5:30) ထိ
(ထမင်းစားနားချိန် 12:00 - 1:00)
▪︎ ပိတ်ရက်: တစ်ပတ်လျှင် (၂) ရက်
(ကျောင်းပိတ်ရက် အလှည့်ကျ ညှိနှိုင်းပေးမည်)
အထူးခံစားခွင့်ကတော့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် မူတည်၍ Bonus ခံစားခွင့်ရှိခြင်းဖြစ်ပြီး Professional Training program များကို အခမဲ့ တက်ရောက်ခွင့်ရရှိခြင်းတို့ပဲ ဖြစ်ပါတယ် 🤩😎
▪️▪️▪️▪️▪️▪️▪️▪️▪️▪️
📩 လျှောက်ထားရန်
စိတ်ပါဝင်စားသူများသည် CV Form, မှတ်ပုံတင်မိတ္တူ, ဘွဲ့လက်မှတ်မိတ္တူ နှင့် Passport အရွယ်ဓာတ်ပုံ (၁) ပုံ တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ လျှောက်ထားနိုင်ပါသည်။
⭕ လျှောက်လွှာနောက်ဆုံးရက်: 21 August 2026
📧 Email: victorycollegestaff7@gmail.com
PageMessenger:http://m.me/victoryinternationalcollege
📞 Phone: 095 200 287
📍 Address: Victory International College – အမှတ် (၅) ကွင်းကလေးလမ်း (KBZ Bank-4 မျက်နှာချင်းဆိုင်လမ်းမှဝင်ရန်)၊ အမှတ်(၆) ရပ်ကွက်၊ ပုသိမ်မြို့။
🌏 Google Map:
https://maps.app.goo.gl/r3WsZS3giDWykVt78?g_st=atm
"အနာဂတ်ပညာရေးနှင့် လူငယ်များ တိုးတက်ဖွံ့ဖြိုးစေ
ဖို့အတွက် ကျွန်တော်တို့ Victory နှင့် အတူတကွ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်!" 😊
No comments yet. Be the first to comment!
Explore other interesting articles and stories
